Friday, October 3, 2008

ဓမ္မပဒ (၆၅ - ပညာရှိသူ၏ တန်ဖိုးကို လျင်မြန်စွာ သိနိုင်ရန် အသိအလိမ္မာ ဥာဏ်ပညာ ရှိဖို့လိုသည်။

An intelligent man, even though he is associated with a man only for a moment quickly understands the Dhamma, Just as the tongue knows the taste of soup.

Verse 65

လျှာသည် ဟင်း၏အရသာကို လျင်မြန်စွာ သိဘိသကဲ့သို့ အသိအလိမ္မာ ဥာဏ်ပညာရှိသူသည် ခဏမျှလောက် ပညာရှိကို ဆည်းကပ်ခွင့်ရလျှင် တရားတော်ကို လျင်မြန်စွာ သိနိုင်သည်။

ဓမ္မပဒ (၆၅ တိံသပါဝေယျက ဘိက္ခု ဝတ္ထု

Thursday, October 2, 2008

ဓမ္မပဒ ဖတ်ရခြင်း အကျိုး

ဓမ္မပဒကို ဖတ်ရှုခြင်းဖြင့် ဗုဒ္ဓဘာသာဝင်တို့ ကျင့်ကြံအားထုတ်ရာ အခြေခံများကို သိရှိနားလည်လာနိုင်သည်။ ဖတ်ရှုလေ့လာနေရင်းဖြင့် လက်ရှိဘဝတွင် နေထိုင်ရသည်မှာ ပျော်စရာကောင်းလာသည်။ မိမိဘဝကိုလည်း ပိုမို အကျိုးရှိအောင် ဖန်တီးပြုပြင်နိုင်လာသည်။ ထို့ပြင် အမြင့်ဆုံး ဘဝရည်မှန်းချက်ကိုပါ ရရှိလာနိုင်စေသည်။

Ven. Balangoda Ananda Maitreya, Maha Nayaka Thero

Wednesday, October 1, 2008

ဓမ္မပဒ (၆၄) - တရားဓမ္မကို မသိသေးသရွေ့ လူမိုက်ဖြစ်နေရဦးမည်

A fool, even though he is associated with a wise man all life, does not understand the Dhamma, just as a ladle does not know the taste of soup.

Verse 64

ဟင်းမွှေယောက်မသည် ဟင်း၏အရသာကို မသိနိုင်သကဲ့သို့ လူမိုက်သည်လည်း အသက်ရှည်သမျှ ပညာရှိကို ဆည်းကပ် နေထိုင်ရသော်လည်း (ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဟူသော) တရားကို မသိနိုင်ပေ။

ဓမ္မပဒ (၆၄) ဥဒါရိတ္ထေရ ဝတ္ထု