Showing posts with label ဗုဒ္ဓဝင်. Show all posts
Showing posts with label ဗုဒ္ဓဝင်. Show all posts

Monday, September 22, 2008

ရုပ်စုံ ဗုဒ္ဓ သာသနာဝင် (ဂေါတမ ဗုဒ္ဓဝင်) ပထမပိုင်း


ရုပ်စုံ ဗုဒ္ဓ သာသနာဝင် (ဂေါတမ ဗုဒ္ဓဝင်) ဒုတိယပိုင်း

၂၂၊ ဗိမ္ဗိသာရမင်းသည် သူပုန်ထနေသော နေရာသို့ စစ်ဗိုလ်များကို စေလွှတ်နေပုံ

၂၃၊ ကာဠုဒါယီ မထေရ် ပင့်လျှောက်၍ ဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွတော်မူပုံ

၂၄၊ ဆွေတော်မျိုးတော်အလယ် တန်ခိုးပြ၍ ပေါက္ခရဝသမိုး ရွာချပုံ

၂၅၊ ဘုရားခြေတော်ကို ဦးတိုက်၍ ဦးခေါင်းဖြင့်ပွတ်တိုက်၍ ယသော်ဓရာ ရှိခိုးပုံ

၂၆၊ ဘုရားနောက်တော်ကလိုက်၍ သားတော် ရာဟုလာ အမွေတောင်းပုံ

၂၇၊ သာကီဝင်မင်းသား ၆ ယောက် ရဟန်းပြုကြပုံ

၂၈၊ တောထွက်လာသော အရှင် မဟာကဿပ အလောင်းအား ဘုရားကြိုဆိုနေပုံ

၂၉- ဝေသာလီ၌ ဘေးကြီးဆိုက်နေစဉ် ဗုဒ္ဓမြတ်စွာအား ပင့်တော်မူလာပုံ

၃ဝ၊ ဘိက္ခုနီ ပြုခွင့် တောင်းပန်ရန် မိထွေးတော် ဂေါတမီနှင့် သာကီဝင် အမျိုးသမီးများ စုဝေးနေကြပုံ

၃၁၊ အယူဝါဒ ပြိုင်လာသော သစ္စက ပရဗ္ဗိုဇ်ကို ဘုရားရှင် ချွတ်တော်မူပုံ

၃၂၊ အနာထပိဏ် သူဌေး ဇေတဝန်ကျောင်းတိုက် လှူနေပုံ

၃၃၊ တိတ္ထိဆရာကြီးများကို ဘုရားဟုတ်သလားဟု ကောသလမင်းက မေးနေပုံ

၃၄၊ ကောသလမင်းက ဘုရားရှင်အား ဗုဒ္ဓလို့ ဝန်ခံပါသလားဟု မေးနေပုံ

၃၅၊ နန္ဒောပနန္ဒ နဂါးမင်းကို အရှင် မောဂ္ဂလ္လာန် ဆုံးမတော်မူပုံ

၃၆၊ မိစ္ဆာအယူရှိသော ဗကဗြဟ္မာမင်းကို ဘုရားရှင် ချွတ်တော်မူပုံ

၃၇၊ ဂိလာန ရဟန်းအား ဗုဒ္ဓနှင့် ရှင်အာနန္ဒာတို့ ပြုစုတော်မူနေကြပုံ

၃၈၊ အင်္ဂုလိမာလ တောတွင်းလူဆိုးကို ဗုဒ္ဓမြတ်စွာ ချွတ်တော်မူပုံ

၃၉၊ အရှင် အင်္ဂုလိမာလသည် သားမဖွားနိုင်သော မိန်းမအား ပရိတ်ရွတ်ပေးနေပုံ

၎ဝ၊ စိဉ္စမာဏ ဝိကာပ ပရဗ္ဗိုဇ်မလေး ဘုရားကို စွပ်စွဲနေပုံ

၄၁၊ ဗိမ္ဗိသာရမင်း၏ ခေမာ မိဖုရားအား တရားဟောတော်မူပုံ

၄၂၊ ကပိလနှင့် ကောလိယမြို့ စစ်ဖြစ်ခါနီးတွင် ကောင်းကင်းမှ ငြိမ်းချမ်းရေးတရား ဟောတော်မူပုံ

Saturday, September 20, 2008

ရုပ်စုံ ဗုဒ္ဓ သာသနာဝင် (ဂေါတမ ဗုဒ္ဓဝင်) တတိယပိုင်း

၄၃၊ သားသေကို ဆေးကုလိုသော ကိသာ ဂေါတမီအား တရားဟောတော်မူနေပုံ

၄၄၊ အာဠာဝက နတ်ဘီလူးသည် ဘုရားရှင်အား ကြုံးဝါးနေပုံ

၄၅၊ ဗုဒ္ဓဘာသာ ဝင်ပြီးခါစဖြစ်သော သီဟ စစ်သူကြီး ဆွမ်းကပ်လှူနေပုံ

၄၆၊ အဇာတသတ်နှင့် ပေါင်း၍ လာဘ်ပေါများဖို့ရန် ရှင်ဒေဝဒတ် ကြံပုံ

၄၇၊ အဇာတသတ် မင်းကလေးက ခမည်းတော်၏ ခြေဖဝါးကို ဓါးခွဲခိုင်းပုံ

၄၈၊ မိမိကို ခမည်းတော်က ချစ်ရဲ့လားဟု မယ်တော်ကြီးကို အဇာတသတ်မင်း မေးနေပုံ

၄၉၊ ဘုရား နင်းဖို့ရန် လွှတ်လိုက်သော နာဠာဂိရိ ဆင်ကို ဘုရားရှင် ဆုံးမတော်မူပုံ

၅ဝ၊ အဇာတသတ်မင်းသည် ပထမဆုံး ဘုရားရှင်အား ဖူးမြော်ရန် နန်းတော်မှ ထွက်တော်မူပုံ

၅၁၊ ပါယာသိ ဘုရင်ခံအား နောက်လောကရှိကြောင်းကို ရှင်ကုမာရကဿပ ပြောပြနေပုံ

၅၂၊ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပုံ

၅၃၊ ရှစ်ပြည်ထောင်မင်းတို့အား ဒေါဏ ပါမောက္ခကြီး ဓါတ်တော်ဝေနေပုံ

၅၄၊ ရဟန္တာ ငါးရာနှင့်အတူ ရှင်မဟာကဿပ သံဂါယနာ တင်တော်မူပုံ

၅၅၊ ရဟန်းအချို့ငွေအလှူခံသောကြောင့် အရှင်ယသထေရ် ဒုတိယ သံဂါယနာတင်ရန် ကြိုးပမ်းနေပုံ

၅၆၊ နိဂြောဓ သာမဏေကလေးကို ရာဇပလ္လင်တင်၍ ဓမ္မာသောကမင်း ဖူးမျှော်နေပုံ

၅၇၊ မောဂ္ဂလိပုတ္တတိဿထေရ် အမှူးထား၍ တတိယ သံဂါယနာ တင်တော်မူကြပုံ

၅၈၊ ဒုဠဂါမဏိမင်း စစ်ချီရာသို့ သံဃာတော်များကို ပင့်သွားပုံ

၅၉၊ ဝဋ္ဋဂါမဏိမင်း လက်ထက်၌ ပေထက်အက္ခရာ တင်တော်မူနေပုံ

၆ဝ၊ ပုဂံပြည် အနော်ရထာမင်းစော ပိဋကတ်တော်များ ပင့်ဆောင်တော်မူပုံ

၆၁၊ ပုဂံပြည့်ရှင် ကျန်စစ်မင်းသည် အာနန္ဒာဘုရားကြီးကို တည်တော်မူပုံ

၆၂၊ ဟံသာဝတီပြည့်ရှင် ဘုရင်မ ရှင်စောပုသည် တိဂုံဆံတော်ရှင်အား ကြည်ညိုနေပုံ

၆၃၊ ဓမ္မစေတီမင်းတရားသည် သာသနာတော်အတွက် ကလျာဏီ သိမ်တော်ကြီးကို တည်တော်မူပုံ

၆၄၊ မင်းတုန်းမင်းတရားကြီး ကျောက်ထက်အက္ခရာတင်ပုံ

၆၅၊ ရှေးမြန်မာမင်းများ လက်ထက်၌ အလှူဒါနဖြင့် ပျော်ရွှင်ကာ နေကြပုံ